Lyrics

ကြုံဆုံခဲ့ရ ကြိုမမြင်နိုင်တဲ့ဒီလူ့ဘဝ လူ့လိုရင်းအဆိုးနဲ့အကောင်းကြား ပျော်စရာဆိုတဲ့သုခရယ် ငိုစရာဆိုတဲ့ဒုက္ခ ခါးစည်းခံရင်းမျက်ရည်နဲ့ အပြုံးများစွာ မလွန်ဆန်နိုင်ကောင်းသောအရာ သူ့ရဲ့အလိုကျ ဇာတ်ဆရာရဲ့ကြိုးဆွဲရာသာ တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ နူးညံ့လွန်းတယ် သိပ်ကိုနွေးထွေးလွန်း တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ စည်းချက်မှားနေတဲ့ သိပ်ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ သီချင်းတစ်ပုဒ်ပဲ ချိုမြိန်တဲ့နှလုံးသားနဲ့ သာယာတဲ့ အခိုက်အတန်ရယ် တချို့ကကျေနပ်စရာလို့ပြောတယ် ကာရန်လွဲသွားတဲ့ အခါဆိုရင်လည်းလူ့ဘဝရယ် တချို့ကျအဝေးကိုစွန့်ခွာသွားတတ်မြဲ မလွန်ဆန်နိုင်ကောင်းသောအရာ သူ့ရဲ့အလိုကျဇာတ်ဆရာရဲ့ကြိုးဆွဲရာသာ တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ နူးညံ့လွန်းတယ် သိပ်ကိုနွေးထွေးလွန်း တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ စည်းချက်မှားနေတဲ့ သိပ်ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ သီချင်းတစ်ပုဒ်ပဲ တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ နူးညံ့လွန်းတယ် သိပ်ကိုနွေးထွေးလွန်း တစ်ခါတစ်လေမှာ မျှော်လင့်သောဘဝဆိုတာ စည်းချက်မှားနေတဲ့ သိပ်ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ သီချင်းတစ်ပုဒ်ပဲ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out