Music Video

ခင်မောင်တိုး - မဟာဆန်သူ (Lyrics Video)
Watch {trackName} music video by {artistName}

Featured In

Credits

PERFORMING ARTISTS
Khin Maung Toe
Khin Maung Toe
Performer
COMPOSITION & LYRICS
Khin Maung Toe
Khin Maung Toe
Lyrics

Lyrics

နှုတ်ဆက်ပြုံးနေသူ ရှက်လို့သွားအောင် တခြားဘက်လှည့်ကာ ကျောခိုင်းပြေးတော့မယ်ပေါ့ ပြန်ပါစေလေ မဟာဆန်သူရေ မတားနဲ့လေ လက်နဲ့ဆက်လိုသူ တွေ့ဖို့ခက်အောင် ပြတင်းတံခါးပိတ်ကာ ကြိတ်မှိတ် အိပ်တော့မယ်ပေါ့ မဟာဆန်သူရေ ပျော်ပါစေလေ မလွမ်းနဲ့တော့ အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ ဆုံးဖြတ်တဲ့အတိုင်း မင်းရဲ့ ကံပေါ့ အနားတိုးလှမ်းလိုသူ ရပ်တန့်သွားအောင် အနောက်ဘက်မျက်နှာ ကျားကွက် ရွှေ့လိုက်တယ်ပေါ့ နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့တော့ လှသထက် နုယဉ်သူ မင်းမို့ပြုံးရင် အနီးက အလှတွေ ခေါင်းငုံထားကြမယ်ပေါ့ မဟာဆန်သူရေ ဣန္ဒြေရှင်ရေ မင်းအတွက်ပေါ့ အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ ဆုံးဖြတ်တဲ့အတိုင်း မင်းရဲ့ ကံပေါ့ အနားတိုးလှမ်းလိုသူ ရပ်တန့်သွားအောင် အနောက်ဘက်မျက်နှာ ကျားကွက် ရွှေ့လိုက်တယ်ပေါ့ နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့တော့
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out