Listen to Phyay Theint Lite by Y Wine

Phyay Theint Lite

Y Wine

Pop

1,439 Shazams

Lyrics

အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား ကိုယ်ချင်းစာပါတယ် အိုသူငယ်ချင်း သိပ်မဆန်းဘူး ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ ဆုံးရှုံးခြင်းက ဒို့တတွေ ပြေးမလွတ်နိုင် မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး ဖြေသိမ့်လိုက် ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့် အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက် လဲကျတဲ့အခိုက် ကွဲခဲ့တဲ့မင်းနှလုံးသား အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့ ရှေ့ဆက်ရမယ့် မင်းရဲ့ ဘဝအသစ်အတွက် ဖြေသိမ့်လိုက် သူငယ်ချင်း ရှေ့ဆက်မင်းဘဝဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့် အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက် လဲကျတဲ့အခိုက် ကွဲခဲ့တဲ့မင်းနှလုံးသား အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့ ဆက်လျှောက်ရမယ့် မင်းရဲ့ ဘဝအသစ်အတွက် ဖြေသိမ့်လိုက် သူငယ်ချင်း ရှေ့ဆက်မင်းဘဝဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ သူငယ်ချင်း ရှေ့ဆက်မင်းဘဝဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ စီးပါစေ အားတင်းကာ လျှောက် လိုက်
Writer(s): Htain Zaw Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out