Lyrics

မလွယ်ပါဘူး လူတစ်ယောက်ကို ယုံကြည်ဖို့က မလွယ်ပါဘူး မလွယ်ပါဘူး လူတစ်ယောက်ကို ချစ်လာဖို့က မလွယ်ပါဘူး မလွယ်ပါဘူး စိတ်ကူးနဲ့ လက်တွေ့တို့က ထပ်တူတော့ မကျလည်း နင် ငါ့ကို စိတ်ပျက်ပြီးတော့ ထားသွားလည်း အပြစ်မဆိုရဲ ငါ့မိဘ ငါ့အသိုင်းအဝိုင်းများက နည်းနည်းတော့ ပွားတယ် သူတို့ရဲ့ စိတ်ကြိုက်အတိုင်း ငါ နေနေရတဲ့လူပဲ စိတ်ကြီးတဲ့ ငါ့ရဲ့အကိုရဲ့ ဒေါသလည်း ကြောက်ရတယ် တကယ်တမ်းတော့ ငါ့ရဲ့ဘဝက လှောင်အိမ်ထဲငှက်လိုပဲ သူတို့ရဲ့ပြောစကားများက ငါ့အတွက်ပါပြောကြလည်း ငါချစ်တဲ့ မင်းနဲ့ ဝေးတော့ လွမ်းရလည်း ငါပါပဲ ဘယ်တော့မှ လွတ်လပ်ခွင့်တို့ ငါ့အတွက်ရနိုင်မလဲ စိတ်ပျက်ကာလေ ရင်မောတယ် အချစ်အတွက် တာဝန်မကျေတော့လည်း ဘယ်တော့မှ မင်းလေး ငါ့ကို ခွဲမသွားပါနဲ့ တစ်နေ့နေ့ ငါလေ ဖွင့်ပြောမယ် မိဘတွေဆီ ဝန်ခံလိုက်မယ် မလွယ်ပါဘူး လူတစ်ယောက်ကို ယုံကြည်ဖို့က မလွယ်ပါဘူး ဖေဖေမေမေက ပြောတယ် အချစ်က ပူတယ် မကစားနဲ့ မလွယ်ပါဘူး လူတစ်ယောက်ကို ချစ်လာဖို့က မလွယ်ပါဘူး ဖေဖေမေမေမှာထားလည်း မင်းရှေ့ရောက်ရင် အကုန်မေ့သွားတယ် မလွယ်ပါဘူး မင်းကိုမေ့နိုင်ဖို့ကလည်း မလွယ်ပါဘူး လူကိုထင်ရင် စိတ်ကစားတယ် အတော်ကြာရင် ဒါတွေမေ့သွားမယ် မလွယ်ပါဘူး မင်းကိုချစ်နေဖို့ကလည်း မလွယ်ပါဘူး ယုံကြည်ချင်ပါသော်လည်းကွယ် မိဘတွေ ဆူမှာ ရင်မောတယ် ချစ်တဲ့သူ ပြောတဲ့ မိဘတွေပြောတဲ့ မတူညီ ဒွိဟပြိုင်မျဉ်းထဲ ငါကြာရင် ရူးတော့မှာပဲကွယ် ချစ်တဲ့သူ ပြောတဲ့ မိဘတွေပြောတဲ့ မတူညီ ဒွိဟပြိုင်မျဉ်းထဲ ငါကြာရင် ရူးတော့မှာပဲကွယ် ဘယ်လိုမေ့ရမလဲ မနေ့တနေ့ကပဲ အိမ်ကဆူတာခံထားရတော့ ခေါင်းကြိမ်းစရာပဲ ဒီလိုအတွေးကမ္ဘာထဲ ခေါင်းတွေ ဝေ့ကာလည် ငါ့အတွက် နှစ်ဦးနှစ်ဖက်လုံးက အရေးပါတယ် သြော် စဉ်းစားရကြပ်ပါသည် ဒါပေမယ့် တွေ့ချင်နေတော့လည်း ခက်ပါ၏ မလွမ်းရတဲ့နေ့ဆိုတာ တစ်ရက်မှမရှိ အသံလေး ကြားရရင်ကို ကျေနပ်ပါပြီ ရှေ့ကိုတိုးဖို့ ခက်သလို နောက်ဆုတ်ဖို့လည်း မလွယ် ခံစားချက်ရှိတဲ့သူက ကျောက်ရုပ်မဟုတ်ပဲကွယ် ထင်ရာစိုင်း စိတ်ရှိတိုင်း လျှောက်လုပ်ဖို့လည်းပဲ မဖြစ်သေးတော့ မှိုင်နေရတာ ကျောက်ရုပ်လို့ပဲ အမြဲ အချစ်ကိုတွေ့ရင် ဘာမှ မမြင်တော့တဲ့ ဆိုရိုးစကားကို အရင်တုန်းက မှန်တယ် မထင်သော်လည်း လက်တွေ့ ငါသိရပြီ ဘာမှ အဆင်မချောတဲ့ ရှေ့ဆက်ရမယ့် နေ့တွေကို တွေးပြီး ရင်မောတယ် မလွယ်ပါဘူး လူတစ်ယောက်ကို ယုံကြည်ဖို့က မလွယ်ပါဘူး ဖေဖေမေမေက ပြောတယ် အချစ်က ပူတယ် မကစားနဲ့ မလွယ်ပါဘူး လူတစ်ယောက်ကို ချစ်လာဖို့က မလွယ်ပါဘူး ဖေဖေမေမေမှာထားလည်း မင်းရှေ့ရောက်ရင် အကုန်မေ့သွားတယ် မလွယ်ပါဘူး မင်းကိုမေ့နိုင်ဖို့ကလည်း မလွယ်ပါဘူး လူကိုထင်ရင် စိတ်ကစားတယ် အတော်ကြာရင် ဒါတွေမေ့သွားမယ် မလွယ်ပါဘူး မင်းကိုချစ်နေဖို့ကလည်း မလွယ်ပါဘူး ယုံကြည်ချင်ပါသော်လည်းကွယ် မိဘတွေ ဆူမှာ ရင်မောတယ် ချစ်တဲ့သူ ပြောတဲ့ မိဘတွေပြောတဲ့ မတူညီ ဒွိဟပြိုင်မျဉ်းထဲ ငါကြာရင် ရူးတော့မှာပဲကွယ် ချစ်တဲ့သူ ပြောတဲ့ မိဘတွေပြောတဲ့ မတူညီ ဒွိဟပြိုင်မျဉ်းထဲ ငါကြာရင် ရူးတော့မှာပဲကွယ်
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out