Lyrics

စိမ်းလဲ့လဲ့ည လရိပ်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ မျှော်သူကို သံသယကြိုး ရစ်နှောင်လွှမ်း ရစ်နေတုန်း သရဝဏ် ကူလှည့်ဦး ကြင်နာမယ် အသက်ရှိတဲ့ အရပ် ညွှန်မယ်ဆို ဝါဆိုပန်း မင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ နှောင်းခက်ခက်ဆူး အချစ်ရိပ်ဦး စွန့်သည့်မြှား အသည်းမှာ စူးနစ်ခဲ့လို့ ဒီဒဏ်ကို ရင်မှာထွေးပွေ့ ပိုက်ထွေး ထားနေတုန်း သရဝဏ် ကူပါဦး အရင်လူ ဖျက်စီးခဲ့တဲ့အချစ် ပြင်မယ်ဆို ဝါဆိုပန်း ပွင့်ဝေ ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ ဆွေးမြေ့မြေ့နေ့ မောင့်ကိုယ်စား မလွမ်းချင်ဘူး အသက်ရယ် မင်းဆုံးဖြတ်မှ ယုံမယ်နော် ဒီတစ်ခါမင်း သစ္စာမြဲရစေမယ် သရဝဏ် ကူညီလို့ ဒီအရင် ကြေကွဲခဲ့တဲ့ အတိတ် နှင်မယ်ဆို ဝါဆိုပန်း ပွင့်ဝေ ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ ဝါဆိုပန်း မင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out